How to add Music file, Audio Player to your Bloggeradmin1 post from 1 voice
Key Master
Step 1: First, upload the music file to any free file hosting servers on the net. Once you upload, they will provide you with a direct link to that music file.
http://sample-server.com/uploads/from-the-moon.mp3
Step 2: Here is the code you need to add music to your blog
<embed width="250" height="50" autostart="false" src="MUSIC FILE URL"/></embed>
Step 3: You can add the music player anywhere you want in your Blogger blog..
Sidebar: If you want to add in sidebar, go to Design --> Add a gadget --> HTML / JavaScript --> and paste the code and save it.
Blog Post: If you want to embed music file to any specific blog post, Paste the code in 'Edit html' mode and save it.
Step 4: Done / Enjoy
clarification code above:
width: width of the music player
height: height of the music player
autostart: values : false or true
MUSIC FILE URL: the direct link to your music file
In this example, MUSIC FILE URL is http://sample-server.com/uploads/from-the-moon.mp3
POSTED 1 YEAR AGO #
Friday, 11 October 2013
Thursday, 10 October 2013
# Desktop ကိုမီးရှို့ရအောင် #
အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်ကတော့ အပျင်းပြေ ကိုယ့်ကွန်ပျုတာ Desktop ကိုမီးရှို့ဖို့ပါ ။သည်ဆော့ဝဲလ်နဲ့ Desktop မှာရှိတဲ့ Icon တွေကိုလည်းမီးရှို့လို့ရသလို ၊ Desktop မှာ စာလုံးတွေကိုလည်းမီးလောင်နေလုပ်လို့ရပါတယ် ။ မီးတောက်ဒီဇိုင်းကလည်း ၁၂ မျိုးလောက်ပါ ပါတယ်။ ကလိစမ်းကြည့်လိုက်ပေါ့ဗျာ ဟဲ ။ ကလိချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းလိုက်ပါ ။အားလုံးအဆင်ပြေကြပါစေဗျာ ........................
http://www.download3k.com/DownloadLink2-NAPALM.html
# Desktop ပေါ်မှာ ပိုးဟပ်လေးတွေမွေးရအောင် #
မွေးမြူရေးကို စိတ်ဝင်စားသူများ အပျင်းပြေ Deskop ပေါ်မှာ ပိုးဟပ်လေးတွေမွေးကြရအောင် ။ စိတ်ဝင်စားတယ်ဆိုရင်တော့ thttp://www.drive-software.com/download/cockroachondesktop.zip ။ ပိုးဟပ်တွေကို ကြိုက်သလောက် Desktop ပေါ်မှာမွေားထားလို့ ရတယ် ။ Website တွေ ဘာတွေဖွင့်လိုက်ရင်လည်း အဲပေါ်တွေထိကိုလိုက်တတ်နေတယ် ။ ပိုးဟပ်အစစ်လိုပဲဟိုသွားလိုက်သည်သွားလိုက်နဲ့ သွားလာလှုပ်ရှားနေတယ် ။ သေချာကြည့်လည်း ပိုးဟပ်အစစ်လိုပဲနော် :P ကွန်ပျုတာကိုလည်းလေးလံစေခြင်းလုံးဝမရှိပါဘူး ။ အားလုံးပျော်ရွင်နိုင်ကြပါစေဗျာ .............
# Notepad ကိုသုံးပြီး English စာလုံးတွေကိုအသံထွက်ခိုင်းရအောင် #
အခုတင်ပေးလိုက်တဲ့ ပိုစ့်လေးက ဘာမှတော့မဟုတ်ပါဘူး ။ Notepad ကိုအသုံးပြုပြီးတော့ English စာလုံးတွေကို အသံထွက်အောင်လုပ်တဲ့နည်းလေးပါ ။ မသိသေးသောသူများအတွက်သာရည်ရွယ်ပါတယ် ။ အရင်ဆုံးအနေနဲ့ Notepad ကိုဖွင့်လိုက်ပါ ။ ပြီးရင် Notepad ထဲမှာ အောက်က ကုတ်လေးတွေကို ကူးထည့်လိုက်ပါ ။
Dim msg, sapi
msg=InputBox("Enter your text for conversion–www.dreamskylover.blogspot.com","saiaarkaroo@gmail.com Text-To-Audio Converter")
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg
ပြီးရင် File name မှာမိမိကြိုက်နှစ်သက်တဲ့နာမည်တစ်ခုပေးပြီး အနောက်မှာ .vbs လို့ရိုက်ပြီး Desktop ပေါ်မှာ Save လိုက်ပါ။ ပြီးရင် Desktop ပေါ်မှာ Save ထားတဲ့ ဖိုင်ကိုဖွင့်ပြီး လေးထောင့်ကွက်လေးထဲမှာ ရေးချင်တဲ့စာကိုရေးလိုက်ပါ ။ ဥပမာ dream လို့ရိုက်လိုက်မယ်ဆိုရင် dream ဆိုပြီးအသံပြန်ထွက်လာမှာဖြစ်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေဗျာ ......(မှတ်ချက် ။ ။ အင်္ဂလိပ်စာများ အတွက်သာ
# IP အကြောင်း #
LABELS: နည်းပညာ POSTED BY အိပ်မက်ကောင်းကင် WEDNESDAY, JULY 25, 2012(၁) IP address ဆိုတာ ဘာလဲ ?
TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို့ ခေါ်ပါတယ် ။
Example; 140.179.220.200 (Dotted decimal)
10001100.10110011.11011100.11001000 (Binary)
(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?
Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။
Class Range of Address
A 1 to 126(127) binary 0xxx နဲ့ စ ပါတယ်။
B 128 to 191 binary 10xx နဲ့ စ ပါတယ်။
C 192 to 223 binary 110x နဲ့ စ ပါတယ်။
—————————————————————————-
D 224 to 239 binary 1110 နဲ့ စ ပါတယ်။
E 240 to 254 binary 1111 နဲ့ စ ပါတယ်။
—————————————————————————-
ကျန်နေတဲ့ 127(localhost) ကို local loopback အတွက်သုံးပါတယ် ။သင် 127.0.0.1 ကို ping ပြီးစမ်းသပ် နိုင် ပါတယ် ။Class D addresses ကို multicasting အတွက် သုံးပါတယ်။ Class E addresses ကိုတော့ future use ဆိုပြီးသတ်မှတ်ထားပါတယ် ။အဲဒါကြောင့်သင့်ရဲ့  IP address ကိုရိုက်တဲ့ အခါ 1 to 223 ကနေပဲ စရိုက်လို့ ရပါတယ် ။ 224 ကနေစပြီး နောက်ပိုင်းကို ရိုက်လို့ မရပါဘူး ။ အလွယ်တကူ စမ်းသပ် ကြည့်နိုင်ပါတယ် ။
Private Network Address ၄ ခုရှိပါတယ် ။
( Local loopback Address )- 127.0.0.1
( Class A )- 10.0.0.0
( Class B )- 172.16.0.0
( Class C )- 192.168.0.0
Class တွေကို ပုံမှန်အားဖြင့် ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ လေ့လာကြရအောင်- (N) က network ကိုကိုယ်စားပြုပြီး (n) က node ကိုကိုယ်စားပြုပါတယ် ။
- Class A — NNNNNNNN.nnnnnnnn.nnnnnnn.nnnnnnn
- Class B — NNNNNNNN.NNNNNNNN.nnnnnnnn.nnnnnnnn
- Class C — NNNNNNNN.NNNNNNNN.NNNNNNNN.nnnnnnnn
အဲဒါကြောင့်
Class A ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 2^8 = 255 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 x 255 =16581373 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။
Class B ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 =65025 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 = 65025 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။
Class C ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 x 255 =16581373 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။
(IP address မှာ 192.168. တွေပဲ ဘာလို့ ဖြစ်နေရတာလဲ လို့ မကြာခဏ အမေးခံရပါတယ်။ကိုယ်သုံးမယ့်  ကွန်ပျူတာ အရေအတွက် (node) ဟာ 225 လုံးကို မကျော်ဘူး ဆိုရင် Class C ကိုပဲ သုံးကြလို့ပါ။)
နောက်တစ်ခုကတော့ node မှာ decimal no: 0 နဲ့  255 ကိုထည့်လို့ မရပါဘူး။(ဥပမာ- 192.168.1.0* / 192.168.1.255* )
IP address မှာ node portion all Ones (11111111)=255 က Broadcast Address ဖြစ်ပါတယ် ။
IP address မှာ node portion all Zeros (00000000)=0 က Network Address ဖြစ်ပါတယ် ။
စာဖတ်သူအပေါင်း IP address နဲ့ ပတ်သက်လို့  အသိတွေ တိုးပွားနိုင်ကြပါစေ ။ ကျွန်တော်လည်းမှတ်သားထားတာလေးတွေကို ပြန်လည်မျှဝေတာပါ...........
Wednesday, 9 October 2013
GTALK က OFFLINE CHAT (သူခိုးချက်)တွေကို ဖမ်းမယ်
Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း...
ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ပြီးရင်.. Go off the record ကို နှိပ်ပါ။(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။(၄)..............@gmail.com is offline and can't receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။(၅) စစ်ပြီးသွားရင် "Stop chatting off the record" ကို ပြန်နှိပ်ပေးပါ။ ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့.

ရွှေတူးတဲ့ အဖိုးကြီးနဲ့ကစားကြရမယ့် MUMMY GOLD MINER 1.0
ဒီ game လေးကိုလည်းအားလုံးသိကြမှာပါ။ အဖိုးကြီးက ရွှေတုံးတွေကို သူ့ရဲ့
ကြိုးနဲ့ ပစ်ဖမ်းပြီး ဆွဲယူသိမ်းဆည်းရတာပါ။
အခုတော့ version အသစ်အနေနဲ့ mummy ကောင်တွေနဲ့ ကစားရမှာပါ။ အရင်တုန်းက ရွှေတုန်းလေးတွေနေရာမှာ အကောင်လေး
တွေပြေးနေတဲ့ကြားထဲက အကောင်လေးတွေကိုရှောင်ပြီး ရွှေတုန်းတွေကို ဖမ်းယူ
ကြရတာပါ။ အခုတော့အကောင်လေးတွေနေရာ
မှာ mummy ကောင်တွေက အစားဝင်ရောက်လာတာပဲဖြစ်ပါတယ်။ Version အသစ်
ဆိုတော့ အမြင်ဆန်းဆန်းနဲ့ ပိုပြီးကစားလို့ကောင်းမှာ
သေချာပါတယ်။ Android တွေမပေါ်ခင်ကတည်းက ကွန်ပျူတာပေါ်မှာ ရင်းနှီးဖူးပြီး
သားဖြစ်မှာပါ။ အခုနောက်ပိုင်း android တွေပေါ်လာတဲ့
အချိန်မှာလည်း ကစားဖူးကြမှာပါ။ အခုဒီ version အသစ်လေးကို android version 2.2 နဲ့အထက်မှာတင်အသုံးပြုနိုင်ပါတယ်။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ......

You can also use shortcut keys while browsing the web. Here are some shortcuts you could use to navigate in web browsers.
Shortcuts Descriptions Ctrl + C Copy Ctrl + X Cut Ctrl + V Paste Ctrl + Z Undo Ctrl + S Save Ctrl + F Search for word Ctrl + A Highlight everything Shift + Left Arrow or Right Arrow Hightlight next letter Ctrl + Shift + Left Arrow or Right Arrow Highlight next word Ctrl + Left Arrow or Right Arrow Navigate text cursor to next word without highlight Home Go to beginning of line End Go to end of line Page Up Scroll up Page Down Scroll down Finally, here are some common keyboard shortcuts for more general (Windows) navigation.
Shortcuts Descriptions Ctrl + Tab Switch to next tab Ctrl + Shift + Tab Switch to previous tab Ctrl + T Open new tab Ctrl + W Close current tab Ctrl + Shift + T Open previously closed tab Ctrl + R refresh current webpage Ctrl + N Open new web browser window Backspace Go back one page Shift + Backspace Go forward one page Using these shortcut keys will require the little finger a lot as many of the modifier keys like Ctrl,Alt and Shift are closest to your little finger.
Shortcuts Descriptions Alt + Tab Switch to next opened window Alt + Shift + Tab Switch to previous opened window Alt + F4 Close current window
FACEBOOK ,COMMENT,CHAT BOX တွေမှာ သင်္ကေတ ဒီဇိုင်းလှလှလေးတွေနဲ့ ရေးချင်ရင်

Facebook ,Comment,Chat Box ပေါ်မှာဖြစ်ဖြစ် Gmail,Gtalk,Notepad စ,တာတွေ ပေါ်မှာဖြစ်ဖြစ်.... အပေါ်က ပုံမှာလို သင်္ကေတလေးတွေနဲ့ ရေးချင်တယ်ဆိုရင် အောက်မှာ ပေးထားတဲ့ Link က တဆင့် မိမိ လိုချင်တဲ့ သင်္ကေတကို Select မှတ်ပြီး Copy & Paste နဲ့ ရေးနိုင်ပါတယ်... ဥာဏ်ရှိသလိုလဲ အသုံးပြုနိုင်ပါတယ်...။
http://www.fbsymbols.com/

Window 7 ကို ကိုယ်တိုင်တင်ချင်သူတွေအတွက်
ဝင်းဒိုးတစ်ခုကို ကိုယ်တိုင်တင်ဖို့ဆိုတာ တစ်ချို့လူတွေအတွက် တော်တော် မလွယ်ကူတဲ့ကိစ္စပါ ..ကျွန်တော်ကိုယ်တိုင်လည်း ကွန်ပြူတာကို စကိုင်စတုန်းက ၀င်းဒိုးတစ်ခါတင်ရင် ငွေ ၈၀၀၀ အကုန်ခံပြီး လေးငါးကြိမ်လောက် သူများကိုတင်ခိုင်းခဲ့ရဖူးပါတယ် ..တစ်ကယ်တော့ ၀င်းဒိုးကို တစ်ခါလောက်တင်ဖူးရင်ပဲ ၀င်းဒိုးတင်တဲ့ကိစ္စဟာ ထင်သလောက်ကြီး မခက်ခဲတာကို တွေ့ရပါမယ် ..၀င်းဒိုးတစ်မျိုးကိုတင်တတ်ရင် တခြားဝင်းဒိုးတွေတင်ဖို့အတွက် သိပ်ပြီးကွဲလွဲမှုမရှိတော့ပါဘူး ..ဒါကြောင့် ကွန်တော် ဒေါင်းပြီးယူထားတဲ့ ၀င်းဒိုးဆဲဗင်းတင်နည်းစာအုပ်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်ဗျာ
Download
Window 7 ကို ကိုယ်တိုင်တင်ချင်သူတွေအတွက် ၀င်းဒိုးတစ်ခုကို ကိုယ်တိုင်တင်ဖို့ဆိုတာ တစ်ချို့လူတွေအတွက် တော်တော် မလွယ်ကူတဲ့ကိစ္စပါ ..ကျွန်တော်ကိုယ်တိုင်လည်း ကွန်ပြူတာကို စကိုင်စတုန်းက ၀င်းဒိုးတစ်ခါတင်ရင် ငွေ ၈၀၀၀ အကုန်ခံပြီး လေးငါးကြိမ်လောက် သူများကိုတင်ခိုင်းခဲ့ရဖူးပါတယ် ..တစ်ကယ်တော့ ၀င်းဒိုးကို တစ်ခါလောက်တင်ဖူးရင်ပဲ ၀င်းဒိုးတင်တဲ့ကိစ္စဟာ ထင်သလောက်ကြီး မခက်ခဲတာကို တွေ့ရပါမယ် ..၀င်းဒိုးတစ်မျိုးကိုတင်တတ်ရင် တခြားဝင်းဒိုးတွေတင်ဖို့အတွက် သိပ်ပြီးကွဲလွဲမှုမရှိတော့ပါဘူး ..ဒါကြောင့် ကွန်တော် ဒေါင်းပြီးယူထားတဲ့ ၀င်းဒိုးဆဲဗင်းတင်နည်းစာအုပ်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်ဗျာ
Download
ကွန်ပြူတာမှာ Error တွေတက်တိုင်း စိတ်မညစ်နဲ့ ..ရော့ .. ဒါလေးယူလိုက်
ကျွန်တော်တို့လို ကွန်ပြူတာသမားတွေအနေနဲ့ ကွန်ပြူတာသုံးနေရင်း တစ်နေ့ တစ်နေ့ တက်လိုက်တဲ့ error ကြုံလိုက်တဲ့ပြဿနာ ..ဖြစ်လာပြီဆိုရင်လည်း ဖြစ်နေတဲ့ error ကို မဖြေရှင်းနိုင်မချင်း စိတ်ထဲမှာ ကလိကလိနဲ့ .. ညအိပ်တာတောင် စိတ်က အဲဒီကိစ္စကို အမျှင်မပြတ်နိုင်ဘူး .. ဒါကလည်း ကွန်ပြူတာကို တစ်ကယ် တစွဲတလမ်း ကိုင်တွယ်သုံးစွဲနေတဲ့လူအချင်ချင်းပဲ သိတယ် ..ကွန်ပြူတာလေးဖွင့်လိုက်လို့ error လေးများတွေ့လိုက်ရပြီဆိုရင် ဟိုမေးဒီမေး .. ဟိုပြင်ဒီဖျက် .. နောက်ဆုံး စိတ်မရှည်ရင် ၀င်းဒိုးအသစ်ပြန်တင်လိုက်ရော ..၀င်းဒိုးအသစ်တင်လိုက်ရင် ကွန်ပြူတာရဲ့ ပြဿနာတော်တော်များများ ပြေလည်သွားတတ်ပေမယ့် ၀င်းဒိုးတင်ပါများရင် ကွန်ပြူတာထဲမှာ တတိယမြောက် တန်ဖိုးအကြီးဆုံးပေးဝယ်ရတဲ့ Hard Disk တစ်ခုလုံး ပျက်စီးဖို့ရာခိုင်နှုန်း တော်တော်များသွားတယ်ဆိုတာကလည်း တွေးထားရဦးမယ် ..အဲဒီတော့ ၀င်းဒိုးပေါ်မှာ ဖြစ်လာတဲ့ ပြဿနာတွေ တက်လာတဲ့ Error တွေကို အတတ်နိုင်ဆုံးတော့ ပြေလည်အောင်ဖြေရှင်းပစ်လိုက်သင့်တယ် ..ပြောမယ့်သာပြောရတာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ ပြဿနာတွေကလည်း အများသားရယ် ..၀င်းဒိုးတက်တာ နှေးလာတယ်ဗျာကွန်ပြူတာကြီး သုံးနေရင်းနဲ့ Hang သွားတယ် ဘာမှပြန်လုပ်လည်း မရတော့ဘူးဗိုင်းရပ်မ၀င်အောင် ဆော့ဝဲမသုံးပဲ ဘယ်လိုလုပ်ရပါ့USB က ပြဿနာတက်နေတယ်
အဲဒီလို .. ပြဿနာပေါင်းစုံကြား ညည်းတွားသံတွေကလည်း ကွန်ပြူတာသမားတွေရဲ့ ပါးစပ်ဖျားမှာ မနားရအောင်ပါပဲ ..နောက်ဆုံးတော့ ကွန်ပြူတာကပဲ Brand မကောင်းတာလိုလို .. ၀င်းဒိုးပိုင်းဆိုင်ရာ Programmer တွေကပဲ ညံ့ဖျင်းတာလိုလိုနဲ့ ပြဿနာလှည့်ရှာကြပြန်ရော ..ဘယ်သူ့မှ ပြဿနာရှာစရာမကျန်တော့ရင် ကိုယ့်ကွန်ပြူတာကို ပြန်ပြီး ပြဿနာရှာမိတတ်သေးတယ် ..ကျွန်တော်ဆိုရင် ကွန်ပြူတာသုံးတတ်ကာစက ကွန်ပြူတာကို စင်ပေါ်ကနေ ကန်ချဖူးတယ် ..

တကယ်တော့ ကိုယ်တွေက ကွန်ပြူတာနဲ့ပတ်သက်တဲ့ နည်းပညာတွေကို အခြေခံကျကျ သိမထားတာဗျ ..အဲဒီလိုများ .. ဘယ်ပြဿနာပေါ်ရင် ဘယ်လိုရှင်း ..ဘယ်လို Error ဆိုရင် ဘာဖြစ်နေလို့ ဘယ်မှာဘာလုပ်ပြီး ပြင်လိုက် ..အဲဒီလိုများ သိနေရင်မကောင်းဘူးလားမေးလည်းမေးတတ်တယ်လို့ ထင်သွားမှာပဲ ..ကဲ .. ကျွန်တော်ကလည်း ကျူရှင်ဆရာဆိုတော့ လေရှည်တတ်တဲ့အကျင့်ကပါနေပြီ ပြင်းသွားရင် ဆောရီးဗျာ ..အဲဒီလို ကွန်ပြူတာရဲ့ ပြဿနာပေါင်းများစွာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုမယ် စာအုပ်လေးတစ်အုပ်တင်ပေးလိုက်ပါတယ် ..ဒေါင်းယူပြီး ဖတ်ကြည့်လိုက်ပါ .. သဘောကျသွားလိမ့်မယ် ..ဒေါင်းလုဒ်လင့်ကိုနှိပ်ပြီးလို့ ဒေါင်းရမယ့် Page ကိုရောက်ရင် ညာဖက်အပေါ်ဒေါင့်နားလေးက Download ဆိုတဲ့ အစိမ်းရောင်လေးကိုနှိပ်လိုက်ပါ .. သူ့အလိုလိုဒေါင်းသွားပါလိမ့်မယ် ..

ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာနည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
Januare Luke @@@@@ Thxs Jesus
ကွန်ပြူတာမှာ Error တွေတက်တိုင်း စိတ်မညစ်နဲ့ ..ရော့ .. ဒါလေးယူလိုက် ကျွန်တော်တို့လို ကွန်ပြူတာသမားတွေအနေနဲ့ ကွန်ပြူတာသုံးနေရင်း တစ်နေ့ တစ်နေ့ တက်လိုက်တဲ့ error ကြုံလိုက်တဲ့ပြဿနာ ..ဖြစ်လာပြီဆိုရင်လည်း ဖြစ်နေတဲ့ error ကို မဖြေရှင်းနိုင်မချင်း စိတ်ထဲမှာ ကလိကလိနဲ့ .. ညအိပ်တာတောင် စိတ်က အဲဒီကိစ္စကို အမျှင်မပြတ်နိုင်ဘူး .. ဒါကလည်း ကွန်ပြူတာကို တစ်ကယ် တစွဲတလမ်း ကိုင်တွယ်သုံးစွဲနေတဲ့လူအချင်ချင်းပဲ သိတယ် ..ကွန်ပြူတာလေးဖွင့်လိုက်လို့ error လေးများတွေ့လိုက်ရပြီဆိုရင် ဟိုမေးဒီမေး .. ဟိုပြင်ဒီဖျက် .. နောက်ဆုံး စိတ်မရှည်ရင် ၀င်းဒိုးအသစ်ပြန်တင်လိုက်ရော ..၀င်းဒိုးအသစ်တင်လိုက်ရင် ကွန်ပြူတာရဲ့ ပြဿနာတော်တော်များများ ပြေလည်သွားတတ်ပေမယ့် ၀င်းဒိုးတင်ပါများရင် ကွန်ပြူတာထဲမှာ တတိယမြောက် တန်ဖိုးအကြီးဆုံးပေးဝယ်ရတဲ့ Hard Disk တစ်ခုလုံး ပျက်စီးဖို့ရာခိုင်နှုန်း တော်တော်များသွားတယ်ဆိုတာကလည်း တွေးထားရဦးမယ် ..အဲဒီတော့ ၀င်းဒိုးပေါ်မှာ ဖြစ်လာတဲ့ ပြဿနာတွေ တက်လာတဲ့ Error တွေကို အတတ်နိုင်ဆုံးတော့ ပြေလည်အောင်ဖြေရှင်းပစ်လိုက်သင့်တယ် ..ပြောမယ့်သာပြောရတာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ ပြဿနာတွေကလည်း အများသားရယ် ..၀င်းဒိုးတက်တာ နှေးလာတယ်ဗျာကွန်ပြူတာကြီး သုံးနေရင်းနဲ့ Hang သွားတယ် ဘာမှပြန်လုပ်လည်း မရတော့ဘူးဗိုင်းရပ်မ၀င်အောင် ဆော့ဝဲမသုံးပဲ ဘယ်လိုလုပ်ရပါ့USB က ပြဿနာတက်နေတယ်
အဲဒီလို .. ပြဿနာပေါင်းစုံကြား ညည်းတွားသံတွေကလည်း ကွန်ပြူတာသမားတွေရဲ့ ပါးစပ်ဖျားမှာ မနားရအောင်ပါပဲ ..နောက်ဆုံးတော့ ကွန်ပြူတာကပဲ Brand မကောင်းတာလိုလို .. ၀င်းဒိုးပိုင်းဆိုင်ရာ Programmer တွေကပဲ ညံ့ဖျင်းတာလိုလိုနဲ့ ပြဿနာလှည့်ရှာကြပြန်ရော ..ဘယ်သူ့မှ ပြဿနာရှာစရာမကျန်တော့ရင် ကိုယ့်ကွန်ပြူတာကို ပြန်ပြီး ပြဿနာရှာမိတတ်သေးတယ် ..ကျွန်တော်ဆိုရင် ကွန်ပြူတာသုံးတတ်ကာစက ကွန်ပြူတာကို စင်ပေါ်ကနေ ကန်ချဖူးတယ် ..
တကယ်တော့ ကိုယ်တွေက ကွန်ပြူတာနဲ့ပတ်သက်တဲ့ နည်းပညာတွေကို အခြေခံကျကျ သိမထားတာဗျ ..အဲဒီလိုများ .. ဘယ်ပြဿနာပေါ်ရင် ဘယ်လိုရှင်း ..ဘယ်လို Error ဆိုရင် ဘာဖြစ်နေလို့ ဘယ်မှာဘာလုပ်ပြီး ပြင်လိုက် ..အဲဒီလိုများ သိနေရင်မကောင်းဘူးလားမေးလည်းမေးတတ်တယ်လို့ ထင်သွားမှာပဲ ..ကဲ .. ကျွန်တော်ကလည်း ကျူရှင်ဆရာဆိုတော့ လေရှည်တတ်တဲ့အကျင့်ကပါနေပြီ ပြင်းသွားရင် ဆောရီးဗျာ ..အဲဒီလို ကွန်ပြူတာရဲ့ ပြဿနာပေါင်းများစွာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုမယ် စာအုပ်လေးတစ်အုပ်တင်ပေးလိုက်ပါတယ် ..ဒေါင်းယူပြီး ဖတ်ကြည့်လိုက်ပါ .. သဘောကျသွားလိမ့်မယ် ..ဒေါင်းလုဒ်လင့်ကိုနှိပ်ပြီးလို့ ဒေါင်းရမယ့် Page ကိုရောက်ရင် ညာဖက်အပေါ်ဒေါင့်နားလေးက Download ဆိုတဲ့ အစိမ်းရောင်လေးကိုနှိပ်လိုက်ပါ .. သူ့အလိုလိုဒေါင်းသွားပါလိမ့်မယ် ..
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာနည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်Januare Luke @@@@@ Thxs Jesus
Subscribe to:
Posts (Atom)