Social Icons

Pages

Wednesday, 9 October 2013

GTALK က OFFLINE CHAT (သူခိုးချက်)တွေကို ဖမ်းမယ်
Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း...
ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ပြီးရင်.. Go off the record ကို နှိပ်ပါ။(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။(၄)..............@gmail.com is offline and can't receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။(၅) စစ်ပြီးသွားရင် "Stop chatting off the record" ကို ပြန်နှိပ်ပေးပါ။ ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့.

ရွှေတူးတဲ့ အဖိုးကြီးနဲ့ကစားကြရမယ့် MUMMY GOLD MINER 1.0


ဒီ game လေးကိုလည်းအားလုံးသိကြမှာပါ။ အဖိုးကြီးက ရွှေတုံးတွေကို သူ့ရဲ့
 ကြိုးနဲ့ ပစ်ဖမ်းပြီး ဆွဲယူသိမ်းဆည်းရတာပါ။ 
အခုတော့ version အသစ်အနေနဲ့ mummy ကောင်တွေနဲ့ ကစားရမှာပါ။ အရင်တုန်းက ရွှေတုန်းလေးတွေနေရာမှာ အကောင်လေး
တွေပြေးနေတဲ့ကြားထဲက အကောင်လေးတွေကိုရှောင်ပြီး ရွှေတုန်းတွေကို ဖမ်းယူ 
ကြရတာပါ။ အခုတော့အကောင်လေးတွေနေရာ
မှာ mummy ကောင်တွေက အစားဝင်ရောက်လာတာပဲဖြစ်ပါတယ်။ Version အသစ် 
ဆိုတော့ အမြင်ဆန်းဆန်းနဲ့ ပိုပြီးကစားလို့ကောင်းမှာ
သေချာပါတယ်။ Android တွေမပေါ်ခင်ကတည်းက ကွန်ပျူတာပေါ်မှာ ရင်းနှီးဖူးပြီး
သားဖြစ်မှာပါ။ အခုနောက်ပိုင်း android တွေပေါ်လာတဲ့
အချိန်မှာလည်း ကစားဖူးကြမှာပါ။ အခုဒီ version အသစ်လေးကို android version 2.2 နဲ့အထက်မှာတင်အသုံးပြုနိုင်ပါတယ်။ 
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 
အားလုံးအဆင်ပြေပါစေ......

FaceBook Chat Emoticons
EmoticonsShortcut Key
42 red facebook chat emoticon:42:
facebook chat emoticon angelO:) O:-)
facebook chat emoticon confusedo.O O.o
facebook chat emoticon cry:'(
facebook chat emoticon curly lips:3
facebook chat emoticon devil3:) 3:-)
facebook chat emoticon frown:-( :( :[ =(
Facebook Chat Emoticon Gasp:-O :O :-o :o
facebook chat emoticon glasses8-) 8) B-) B)
facebook chat emoticon grin:-D :D =D
facebook chat emoticon grumpy>:( >:-(
facebook chat emoticon heart<3
facebook chat emoticon kiki^_^
facebook chat emoticon kiss:-* :*
facebook chat emoticon pacman:v
facebook chat emoticon penguin<(")
facebook chat emoticon chris putnam:putnam:
facebook chat emoticon robot:|]
facebook chat emoticon shark(^^^)
facebook chat emoticon smile:-) :) :] =)
facebook chat emoticon squint-_-
facebook chat emoticon sun glasses8-| 8| B-| B|
facebook chat emoticon tongue:-P :P :-p :p =P
facebook chat emoticon unsure:/ :-/ : :-
facebook chat emoticon upset>:O >:-O >:o >:-o
facebook chat emoticon wink;-) ;)
ShortcutsDescriptions
Ctrl + CCopy
Ctrl + XCut
Ctrl + VPaste
Ctrl + ZUndo
Ctrl + SSave
Ctrl + FSearch for word
Ctrl + AHighlight everything
Shift + Left Arrow or Right ArrowHightlight next letter
Ctrl + Shift + Left Arrow or Right ArrowHighlight next word
Ctrl + Left Arrow or Right ArrowNavigate text cursor to next word without highlight
HomeGo to beginning of line
EndGo to end of line
Page UpScroll up
Page DownScroll down
You can also use shortcut keys while browsing the web. Here are some shortcuts you could use to navigate in web browsers.
ShortcutsDescriptions
Ctrl + TabSwitch to next tab
Ctrl + Shift + TabSwitch to previous tab
Ctrl + TOpen new tab
Ctrl + WClose current tab
Ctrl + Shift + TOpen previously closed tab
Ctrl + Rrefresh current webpage
Ctrl + NOpen new web browser window
BackspaceGo back one page
Shift + BackspaceGo forward one page
Finally, here are some common keyboard shortcuts for more general (Windows) navigation.
ShortcutsDescriptions
Alt + TabSwitch to next opened window
Alt + Shift + TabSwitch to previous opened window
Alt + F4Close current window
Using these shortcut keys will require the little finger a lot as many of the modifier keys like Ctrl,Alt and Shift are closest to your little finger.

FACEBOOK ,COMMENT,CHAT BOX တွေမှာ သင်္ကေတ ဒီဇိုင်းလှလှလေးတွေနဲ့ ရေးချင်ရင်



Facebook ,Comment,Chat Box ပေါ်မှာဖြစ်ဖြစ် Gmail,Gtalk,Notepad စ,တာတွေ ပေါ်မှာဖြစ်ဖြစ်.... အပေါ်က ပုံမှာလို သင်္ကေတလေးတွေနဲ့ ရေးချင်တယ်ဆိုရင် အောက်မှာ ပေးထားတဲ့ Link က တဆင့် မိမိ လိုချင်တဲ့ သင်္ကေတကို Select မှတ်ပြီး Copy & Paste နဲ့ ရေးနိုင်ပါတယ်... ဥာဏ်ရှိသလိုလဲ အသုံးပြုနိုင်ပါတယ်...။
http://www.fbsymbols.com/


Window 7 ကို ကိုယ်တိုင်တင်ချင်သူတွေအတွက်
ဝင်းဒိုးတစ်ခုကို ကိုယ်တိုင်တင်ဖို့ဆိုတာ တစ်ချို့လူတွေအတွက် တော်တော် မလွယ်ကူတဲ့ကိစ္စပါ ..ကျွန်တော်ကိုယ်တိုင်လည်း ကွန်ပြူတာကို စကိုင်စတုန်းက ၀င်းဒိုးတစ်ခါတင်ရင် ငွေ ၈၀၀၀ အကုန်ခံပြီး လေးငါးကြိမ်လောက် သူများကိုတင်ခိုင်းခဲ့ရဖူးပါတယ် ..တစ်ကယ်တော့ ၀င်းဒိုးကို တစ်ခါလောက်တင်ဖူးရင်ပဲ ၀င်းဒိုးတင်တဲ့ကိစ္စဟာ ထင်သလောက်ကြီး မခက်ခဲတာကို တွေ့ရပါမယ် ..၀င်းဒိုးတစ်မျိုးကိုတင်တတ်ရင် တခြားဝင်းဒိုးတွေတင်ဖို့အတွက် သိပ်ပြီးကွဲလွဲမှုမရှိတော့ပါဘူး ..ဒါကြောင့် ကွန်တော် ဒေါင်းပြီးယူထားတဲ့ ၀င်းဒိုးဆဲဗင်းတင်နည်းစာအုပ်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်ဗျာ
>>>Download<<<

ကွန်ပြူတာမှာ Error တွေတက်တိုင်း စိတ်မညစ်နဲ့ ..ရော့ .. ဒါလေးယူလိုက်
ကျွန်တော်တို့လို ကွန်ပြူတာသမားတွေအနေနဲ့ ကွန်ပြူတာသုံးနေရင်း တစ်နေ့ တစ်နေ့ တက်လိုက်တဲ့ error ကြုံလိုက်တဲ့ပြဿနာ ..ဖြစ်လာပြီဆိုရင်လည်း ဖြစ်နေတဲ့ error ကို မဖြေရှင်းနိုင်မချင်း စိတ်ထဲမှာ ကလိကလိနဲ့ .. ညအိပ်တာတောင် စိတ်က အဲဒီကိစ္စကို အမျှင်မပြတ်နိုင်ဘူး .. ဒါကလည်း ကွန်ပြူတာကို တစ်ကယ် တစွဲတလမ်း ကိုင်တွယ်သုံးစွဲနေတဲ့လူအချင်ချင်းပဲ သိတယ် ..ကွန်ပြူတာလေးဖွင့်လိုက်လို့ error လေးများတွေ့လိုက်ရပြီဆိုရင် ဟိုမေးဒီမေး .. ဟိုပြင်ဒီဖျက် .. နောက်ဆုံး စိတ်မရှည်ရင် ၀င်းဒိုးအသစ်ပြန်တင်လိုက်ရော ..၀င်းဒိုးအသစ်တင်လိုက်ရင် ကွန်ပြူတာရဲ့ ပြဿနာတော်တော်များများ ပြေလည်သွားတတ်ပေမယ့် ၀င်းဒိုးတင်ပါများရင် ကွန်ပြူတာထဲမှာ တတိယမြောက် တန်ဖိုးအကြီးဆုံးပေးဝယ်ရတဲ့ Hard Disk တစ်ခုလုံး ပျက်စီးဖို့ရာခိုင်နှုန်း တော်တော်များသွားတယ်ဆိုတာကလည်း တွေးထားရဦးမယ် ..အဲဒီတော့ ၀င်းဒိုးပေါ်မှာ ဖြစ်လာတဲ့ ပြဿနာတွေ တက်လာတဲ့ Error တွေကို အတတ်နိုင်ဆုံးတော့ ပြေလည်အောင်ဖြေရှင်းပစ်လိုက်သင့်တယ် ..ပြောမယ့်သာပြောရတာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ ပြဿနာတွေကလည်း အများသားရယ် ..၀င်းဒိုးတက်တာ နှေးလာတယ်ဗျာကွန်ပြူတာကြီး သုံးနေရင်းနဲ့ Hang သွားတယ် ဘာမှပြန်လုပ်လည်း မရတော့ဘူးဗိုင်းရပ်မ၀င်အောင် ဆော့ဝဲမသုံးပဲ ဘယ်လိုလုပ်ရပါ့USB က ပြဿနာတက်နေတယ်အဲဒီလို .. ပြဿနာပေါင်းစုံကြား ညည်းတွားသံတွေကလည်း ကွန်ပြူတာသမားတွေရဲ့ ပါးစပ်ဖျားမှာ မနားရအောင်ပါပဲ ..နောက်ဆုံးတော့ ကွန်ပြူတာကပဲ Brand မကောင်းတာလိုလို .. ၀င်းဒိုးပိုင်းဆိုင်ရာ Programmer တွေကပဲ ညံ့ဖျင်းတာလိုလိုနဲ့ ပြဿနာလှည့်ရှာကြပြန်ရော ..ဘယ်သူ့မှ ပြဿနာရှာစရာမကျန်တော့ရင် ကိုယ့်ကွန်ပြူတာကို ပြန်ပြီး ပြဿနာရှာမိတတ်သေးတယ် ..ကျွန်တော်ဆိုရင် ကွန်ပြူတာသုံးတတ်ကာစက ကွန်ပြူတာကို စင်ပေါ်ကနေ ကန်ချဖူးတယ် ..
  တကယ်တော့ ကိုယ်တွေက ကွန်ပြူတာနဲ့ပတ်သက်တဲ့ နည်းပညာတွေကို အခြေခံကျကျ သိမထားတာဗျ ..အဲဒီလိုများ .. ဘယ်ပြဿနာပေါ်ရင် ဘယ်လိုရှင်း ..ဘယ်လို Error ဆိုရင် ဘာဖြစ်နေလို့ ဘယ်မှာဘာလုပ်ပြီး ပြင်လိုက် ..အဲဒီလိုများ သိနေရင်မကောင်းဘူးလားမေးလည်းမေးတတ်တယ်လို့ ထင်သွားမှာပဲ ..ကဲ .. ကျွန်တော်ကလည်း ကျူရှင်ဆရာဆိုတော့ လေရှည်တတ်တဲ့အကျင့်ကပါနေပြီ ပြင်းသွားရင် ဆောရီးဗျာ ..အဲဒီလို ကွန်ပြူတာရဲ့ ပြဿနာပေါင်းများစွာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုမယ် စာအုပ်လေးတစ်အုပ်တင်ပေးလိုက်ပါတယ် ..ဒေါင်းယူပြီး ဖတ်ကြည့်လိုက်ပါ .. သဘောကျသွားလိမ့်မယ် ..ဒေါင်းလုဒ်လင့်ကိုနှိပ်ပြီးလို့ ဒေါင်းရမယ့် Page ကိုရောက်ရင် ညာဖက်အပေါ်ဒေါင့်နားလေးက Download ဆိုတဲ့ အစိမ်းရောင်လေးကိုနှိပ်လိုက်ပါ .. သူ့အလိုလိုဒေါင်းသွားပါလိမ့်မယ် ..



ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာနည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်    Januare Luke @@@@@ Thxs Jesus

WPA/WPA2 ကို၁၅မိနစ်နဲ့ဟက်မယ်လိုကြေညာထားတဲ့ဆော့ဝဲ
grey CDlinux + minidwep – Best (fastest & easiest) way to crack wireless WPA/2 passwords
အခု Post လေးကိုတော့ MMiTD မှာကတည်းကကျွန်တော့်ရဲ့ သင်ဆရာမြင်ဆရာတစ်ဦးဖြစ်တဲ့ ဆရာကြီး ကိုအောင်သန်းဦးတင်ပေးထားတဲ့ Post လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
ကျနော်တို့မန်ဘာတွေစမ်းဖို့အကြံပေးချင်ပါတယ် CD LINUX MINIDWEP ဆိုတဲ့ OS ပါOS ဖြစ်လို့ WiFi Adapter တွေ Driver မသိတာကိုအင်စတောလုပ်ခွင့်ပြုတာကြောင့်ကွန်ပြုတာအားလုံးနီးပါးနဲ့အဆင်ပြေနိုင် ပါတယ်( CPU နိမ့်တဲ့စက်တွေမှာတော့မရပါ)။ အောက်ပါ Link မှာ အသုံးပြုပုံနဲ့ Software ကိုဒေါင်းယူနိုင် ပါတယ်ဗျာ။
Download

အင်တာနက် Upload Speed ကို ဒီလိုမြှင့်လိုက်ပါ
အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..
ဒါပေမယ့် .. အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့ Upload Speed မြင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...
ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..

ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ ..
ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ် .. ( ပုံတွေ မထင်ရှားရင် ပုံပေါ်မှာ မောစ်တင်ပေးလိုက်ပါ)


ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်


အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ
အောက်ပုံအတိုင်း ကျလာပါမယ်











အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်









အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်









အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ
အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0 ( သုည ) ပြောင်းလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ..
ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ
ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ
ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ ..
အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်









အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ကျလာပါမယ်






အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ် ..


ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ
Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ
နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါ
အားလုံးအတွက် ပြင်ပေးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ
ဝင်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက် Upload တင်ကြည့်လိုက်ပါ
တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
January Luke @@@@@@ 18 
       Thxz Jesus!
Mask My IP 2.3.6.8 Full Version
အသုံးပြုတတ်သူတွေနဲ့ အသုံးပြုနေသူတွေအတွက်
Mask My IP ဆိုတဲ့ဆော့ဝဲလေး Update ရှာပြီးတင်ပေးလိုက်ပါတယ်
ဘာအတွက်သုံးတယ် ဘယ်လိုသုံးတယ်ဆိုတာတော့
မပြောပြတော့ပါဘူး ..

အင်တာနက်အသုံးပြုနေသူတွေကြားထဲမှာ
Fake IP နဲ့ပတ်သက်တဲ့ဆော့ဝဲတွေက တော်တော်များများ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေလို့ပါ ..



ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ





ဒေါင်းလို့ရလာတဲ့ထဲက Masl My IP 2.3.6.8.setup ဆိုတဲ့ဖိုင်လေးကို Run ပြီး Install လုပ်လိုက်ပါ
ပြီးရင် Antivirus တွေကို ပိတ်ပါ
အင်တာနက် connection ကိုပိတ်ပါ
Antivirus ကိုမပိတ်ရင် Patch ဖိုင်ဆိုတာ ဗိုင်းရပ်ကုဒ်တွေမို့ Patch ပေးလို့မရပါဘူး
ပြီးရင် Patch ဆိုတဲ့ဖိုဒါထဲကဖိုင်ကို Run လိုက်ပါ 
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Patch ကိုနှိပ်လိုက်ပါ
အောက်ကပုံအတိုင်း Error Message Box တက်လာပါမယ်



အဲဒီထဲက Yes ကိုနှိပ်လိုက်ပါ
နောက်ထပ်ပွင့်လာတဲ့ထဲကနေ C >> Program files >> MaskMy IP ဆိုတဲ့အတိုင်း
ဖိုဒါအဆင့်ဆင့်ဖွင့်ဝင်သွားပါ
64bit Windows တွေမှာတော့ Program files အစား Program files (x86) ဆိုတဲ့ ဖိုဒါထဲမှာရှိပါတယ်
ပြီးရင် Mask My IP ဆိုတဲ့ အနက်ရောင် ဦးထုပ်အိုင်ကွန်ပုံနဲ့ application ဖိုင်လေးပေါ်မှာ ကလစ်တစ်ချက်ပေးပြီး
အောက်နားလေးက Open ကိုနှိပ်လိုက်ပါ ..



ပြီးရင်တော့ Patch Box ထဲက Exit ကိုနှိပ်ပြီးထွက်လိုက်ပါ 
ဒါဆိုရင် Full Version အဖြစ် အသုံးပြုလို့ရသွားပါပြီ
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
January Luke
 

Sample text

Sample Text

Sample Text